SPA = BTC0.00

ဝင်ငွေအခွင့်အလမ်းများ

ဗဟိုထိန်းချုပ်မှုမရှိသော လျှို့ဝှက်ငွေကြေးများ၏ သူမတူသော အင်္ဂါရပ်များအနက် တစ်ခုမှာ ဝင်ငွေရရှိနိုင်မည့် အခွင့်အလမ်းတစ်ခု ရနိုင်ခြင်းဖြစ်သည်။ သင်သည် သင်၏ ပုံမှန်အလုပ်ထက် အဆပေါင်းများစွာ ဝင်ငွေပိုရနိုင်ပြီး သင်၏ ကျန်ရှိနေသော ဘဝအား ပံ့ပိုးနိုင်မည်ဖြစ်သည်။ SPARTA သည် ဤကဲ့သို့ အခွင့်အလမ်းမျိုးကိုလည်း ပေးနိုင်ပါသည်။

့်အသက်အရွယ်၊ ကျွမ်းကျင်မှု၊ ပညာအရည်အချင်းစသည်တို့ မလိုအပ်ပါ။ သင်သည် တက္ကသိုလ်တွင် သင်ကြားရန်၊ စာမေးပွဲအောင်ရန် သို့မဟုတ် လိုင်စင်ရရှိထားရန် စသည်တို့ မလိုအပ်ပါ။ သင်သည် ရိုးရိုးလေးပင် စတင်၍ ဝင်ငွေရယူနိုင်ပါသည်။ ကွန်ပျူတာတစ်လုံးနှင့် ကောင်းစွာအသုံးပြုနိုင်မည့် ဦးခေါင်းတစ်လုံးသာ လိုအပ်ပါသည်။ SPARTA မှ သင်သည် နည်းလမ်းနှစ်မျိုးဖြင့် ဝင်ငွေရရှိနိုင်ပါသည်- ပုံသွင်းခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်း။ နည်းလမ်းတစ်ခုစီကို အသေးစိတ်လေ့လာကြည့်ပါမည်။

1. ပုံသွင်းခြင်း (တူးဖော်ခြင်း)

သင်သည် တူးဖော်ခြင်း ( ဆိုလိုသည်မှာ SPARTA ကွန်ရက်၏ လုပ်ငန်းလည်ပတ်မှုကို ထိန်းသိမ်းခြင်း)ဖြင့် SPA ရရှိနိုင်ပါသည်။ သင်သည် ဘလော့ခ်အသစ်များ ပြုလုပ်လျှင် ဆုရရှိမည်ဖြစ်သည်။ သို့သော် SPARTA သည် ထည့်ဝင်ငွေ အထောက်အထား နည်းပညာကို အသုံးပြုသောကြောင့် ဤနေရာတွင် ယင်းလုပ်ငန်းစဉ်ကို ပုံသွင်းခြင်း (PoS တူးဖော်ခြင်း)ဟု ခေါ်ပါမည်။

တူးဖော်ခြင်းနှင့် ပုံသွင်းခြင်းသည် မည်သို့ ကွာခြားသနည်း။

တူးဖော်ခြင်းသည် စွမ်းဆောင်ရည်မြင့်သော ကွန်ပျူတာများ လိုအပ်သည်။ ယင်းသည် တန်ဖိုးမြင့်သော ပရိုဆက်ဆာများ၊ ဗီဒီယိုကတ်များနှင့် များပြားသော လျှပ်စစ်မီတာခတို့ လိုအပ်ပါသည်။
ပုံသွင်းခြင်းသည် ကွန်ပျူတာ အစွမ်းပေါ်တွင် အခြေခံသည်မဟုတ်ဘဲ သုံးစွဲသူ၏ စာရင်းလက်ကျန်ပေါ်တွင်သာ အခြေခံသည်။ ပရိုဆက်ဆာများနှင့် ဗီဒီယိုကတ်များအစား SPA တိုကင်များ( ဒင်္ဂါးများ)ကို အသုံးပြုသည်။ တိုကင်တစ်ခုစီသည် ပုံသွင်းရန် ကိရိယာတစ်ခုစီဖြစ်သည်။ ထို့ကြောင့် ပုံသွင်းခြင်းသည် ပုံမှန်ကွန်ပျူတာဖြင့်ပင် အသုံးပြု၍ ရနိုင်သောကြောင့် သာမန်တူးဖော်ခြင်းထက် ပို၍အဆင်ပြေပြီး ပို၍ ရိုးရှင်းသည်။

ပုံသွင်းခြင်းနှင့် ဆုပမာဏ

SPARTA ကွန်ရက်၏ လုပ်ငန်းလည်ပတ်ပုံကို ပံ့ပိုးရန် သုံးစွဲသူများအနေဖြင့် အထူးဆော့ဖ်ဝဲလ်တစ်ခု တပ်ဆင်အသုံးပြုရမည်ဖြစ်ပြီး SPARTA ကွန်ရက်တွင် ဘလော့ခ်အသစ်တစ်ခု ဖန်တီးရန် အခွင့်အရေးရရှိနိုင်ပါသည်။ ကွန်ရက်သုံးစွဲသူများ၏ လက်ကျန်စာရင်းများပေါ်မူတည်သည့် အထူးဖော်မြူလာကို အသုံးပြုခြင်းကြောင့် ဘလော့ခ်သစ်တစ်ခု ဖန်တီးနိုင်စွမ်းသည် ကွန်ရက်တွင် ပါဝင်သူများကြားတွင် တန်းတူညီမျှရှိပါသည်။ စာရင်းထဲတွင် SPA တိုကင်ပိုများလေ ဘလော့ခ်တစ်ခု ဖန်တီးနိုင်မည့် အခွင့်အလမ်းပိုများလေ ဖြစ်သည်။

မရိုးသားသော သုံးစွဲသူများရန်မှ ကာကွယ်ရန်အတွက် တိုကင်များသည် ရရှိပြီး တစ်ရက်ကြာသည်အထိသာ ဘလော့ခ်များ ဖန်တီးနိုင်မည်ဖြစ်သည် (1,440 ဘလော့ခ်)။

သင်သည် ဘလော့ခ်တစ်ခု ဖန်တီးမည်ဆိုလျှင် ဆုတစ်ခု ရရှိမည်ဖြစ်သည်။ ယင်းဆုတွင် ပါဝင်သည်များမှာ-

  • ဘလော့ခ်အတွင်း လုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ခများ။
  • ဘလော့ခ်ဖန်တီးခြင်းအတွက် အပိုဆောင်းဆုအဖြစ် SPA တိုကင်များ

ပုံသွင်းခြင်းအတွက် ရရှိသော ဆုသည် သင့်စာရင်းထဲရှိ SPA တိုကင်အရေအတွက်ပေါ်တွင် အခြေခံပါသည်-

  • သင့်စာရင်းထဲ၌ 888 နှင့် 999,999 SPA (အပါအဝင်)ရှိလျှင် သင်သည် လုပ်ဆောင်ချက်ဝန်ဆောင်ခများ၏ စုစုပေါင်းကိုသာ ရရှိပါမည်။
  • သင့်စာရင်းထဲ၌ 1,000,000 SPA သို့မဟုတ် ယင်းထက်ပို၍ ရှိလျှင် သင်သည် အသစ်ဖန်တီးထားသော SPA တိုကင်များလည်း ရရှိမည်ဖြစ်သည်။

ဗဟိုထိန်းချုပ်စနစ်ကို ရှောင်ရှားရန် လက်ကျန်ငွေ 1,000,000 SPA သို့မဟုတ် ယင်းထက်ပိုရှိသော တူးဖော်သူများအားလုံးသည် ဘလော့ခ်သစ်တစ်ခု ပြုလုပ်ရန် တူညီသော အခွင့်အရေးရှိသည်။ ဆိုလိုသည်မှာ တူးဖော်သူတစ်ဦး၏ စာရင်းတွင် 1,000,000 SPA ရှိပြီး အခြားတူးဖော်သူတစ်ဦးတွင် 25,000,000 SPA ရှိလျှင် ၎င်းတို့တွင် ဘလော့ခ်တစ်ခု ဖန်တီးရန် တူညီသော အခွင့်အရေးရှိပါသည်။

သင့်တွင် 1,000,000 SPA ထက်ပိုရှိပါက ဒင်္ဂါးများကို ခွဲခြမ်းပြီး ဆာဗာအမျိုးမျိုးနှင့် နေရာအမျိုးမျိုး- နိုင်ငံများ၊ မြို့တော်များ အစရှိသဖြင့် ခွဲ၍ ပုံသွင်းခြင်းပြုလုပ်ရန် တိုက်တွန်းလိုပါသည်။ (ယင်းသည် SPARTA ကွန်ရက်အတွက် ပို၍အသုံးဝင်သည်)။ The SPARTA ကွန်ရက်သည် အလိုအလျောက်ခြေရာခံနိုင်ပြီး ကွန်ရက်တိုးတက်ရန်ထက် မိမိအကျိုးကိုသာကြည့်ပြီး တစ်နေရာတည်းတွင် 1,000,000 SPA ကျော်ဖြင့် ကွန်ပျူတာများစွာ အသုံးပြုနေသော မသမာသည့် တူးဖော်သူများကို အပြစ်ပေးနိုင်မည်ဖြစ်သည်။

ဘလော့ခ်တစ်ခု၏ ဆုသည် စုစုပေါင်းပြုလုပ်သောဘလော့ခ်အရေအတွက်(စုစုပေါင်းကြာချိန်)ပေါ်တွင် မူတည်၍ ပြောင်းလဲလျက်ရှိပါသည်။

အချိန် ဘလော့ခ် အရေအတွက် ဒင်္ဂါးအရေအတွက် ဆုရရှိသည့် ဘလော့ခ်
မတူးမီ 0 888,888,888 -
1 500,000 4,000,000,000 8,000
2 500,000 2,000,000,000 4,000
3 500,000 1,000,000,000 2,000
4 500,000 500,000,000 1,000
5 500,000 250,000,000 500
6 500,000 125,000,000 250
7 500,000 62,500,000 125
8 500,000 62,500,000 125
စုစုပေါင်း 4,000,000 8,888,888,888 -

ဘလော့ခ်တစ်ခု ပြောင်းလဲခြင်းအတွက် ဆုသည် ဖန်တီးထားသော ဘလော့ခ်အရေအတွက် စုစုပေါင်းပေါ်တွင် မူတည်ပြီး ပြောင်းလဲလျက်ရှိပါသည် (စုစုပေါင်းကြာချိန်)။

မည်သို့ စတင်ပုံသွင်းမည်နည်း

စတင်ပုံသွင်းရန်အတွက် သင်သည် တိုကင်အနည်းငယ်ပါသော ပိုက်ဆံအိတ်တစ်လုံး၊ သင့်ကွန်ပျူတာတွင် အသုံးပြုရမည့် အထူးအပ်ပလီကေးရှင်းတစ်ခုသာ လိုအပ်ပါမည်။

သင်သည် SPARTA ပိုက်ဆံအိတ်တစ်ခုကို ဖန်တီးပြီး သင့်စာရင်းထဲသို့ SPA တိုကင်ထည့်ပါ။ စတင်ပုံသွင်းရန်အတွက် အနည်းဆုံး 888 တိုကင်လိုအပ်မည်ဖြစ်သည်။ တိုကင်များများရှိလေ ဘလော့ခ်ပိုများများ ဖန်တီးနိုင်လေဖြစ်ကာ ဆုပိုရမည်ဖြစ်သည်။

ပိုက်ဆံအိတ်တစ်ခု ပြုလုပ်ရန်
ပိုက်ဆံအိတ်ရပြီဆိုလျှင် အဆင့် 2 သို့သွားပါ။

ပြင်ပငွေလွှဲပို့မှုတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပါ။ ယင်းအတွက် SPARTA ကွန်ရက်ရှိ အများသုံး သော့ကို ပြပေးရန် လိုအပ်ပါသည်။ သင်သည် အပိုလိပ်စာတစ်ခုကိုပင် ထုတ်နိုင်၍ မိမိဘာသာ တိုကင်များကို ပေးပို့နိုင်သည်။ အရေးကြီးဆုံးအရာမှာ မည်သည့်ပမာဏအတွက်မဆို ပြင်ပ ငွေလွှဲပို့မှုတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။ သင့်အနေဖြင့် ဤလုပ်ဆောင်ချက်မှာ အနည်းဆုံး အတည်ပြုမှု 1440 ကြိမ်လက်ခံရပြီးနောက်မှသာ ပုံသွင်းခြင်းကို စတင်ပြုလုပ်နိုင်မည်ဖြစ်သည်။

သင့်ကွန်ပျူတာတွင် အထူးအပ်ပလီကေးရှင်းတစ်ခု ရှိရမည်။ အပ်ပလီကေးရှင်းဖွင့်လိုက်သည်နှင့် ယင်းသည် SPARTA ကွန်ရက်အား အလိုအလျောက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ဘလော့ခ်တစ်ခု ဖန်တီးပြီးသွားပါက တူးဖော်သူသည် ဆုတစ်ခုရရှိမည်ဖြစ်သည်။ ဤဖြစ်စဉ်သည် အလိုအလျောက်ဖြစ်သည်။ သင်ပြုလုပ်ရန်မှာ အပ်ပလီကေးရှင်းကို ဖွင့်ကာ သင့်အတွက် SPA တိုကင်ကို ရယူရန်သာဖြစ်သည်။

အပ်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲပါ
ဆော့ဝဲလ်အသစ်ကိုဘယ်လိုသုံးမလဲ?

SPARTA ပုံသွင်းခြင်းကို အသုံးပြုကြည့်ပြီး ဗဟိုထိန်းချုပ်မှုမရှိသော ငွေကြေးအနာဂတ်သစ်တစ်ခုကို ဖန်တီးပါ။ Bitcoin ၏ နမူနာကို အမှတ်ရပါ- 2009 ခုနှစ်တွင် 1309 BTC ကို အမေရိကန် 1 ဒေါ်လာဖြင့် ဝယ်ယူနိုင်သည်။ ယခုအချိန်တွင်မူ 1309 BTC သည် ဒေါ်လာသန်းချီ၍ တန်ဖိုးရှိနေပြီဖြစ်သည်။

ထို့ကြောင့် လျှို့ဝှက်ငွေကြေးလဲလှယ်နှုန်းသည် တိုးတက်လာမည်ဟု မျှော်လင့်ထားသည်ဖြစ်ရာ ယခုအချိန်တွင် SPA တိုကင်များကို တူးဖော်ထားခြင်းသည် သင့်အတွက် ပိုမိုကောင်းမွန်သော၊ ပျော်ရွှင်ရသော အနာဂတ်ကို ရရှိရန် အခွင့်အရေးပင်ဖြစ်သည်။ သင် စတင်၍ မြန်မြန်ပုံသွင်းသည်နှင့် ဘလော့ခ်တစ်ခုအတွက် ဆုများ ပိုမိုရရှိလာလေဖြစ်သည်။ သင့်အခွင့်အရေးကို လက်လွတ်မခံပါနှင့်။

2. ရင်းနှီးမြှုပ်နှံခြင်း

SPA တိုကင်များကို သီးခြားတူးဖော်ရန် မလိုအပ်ပါ။ အခြားငွေကြေးများကဲ့သို့ပင် သင်သည် နိုင်ငံသုံးငွေကြေးများ သို့မဟုတ် အခြား လျှို့ဝှက်ငွေကြေးများအတွက် တိုကင်များ ဝယ်ယူနိုင်ပြီး ငွေလဲနှုန်းများအရ ဝင်ငွေရရှိနိုင်ပါသည်။

ဝယ်ခြင်းနှင့် ပြန်ရောင်းခြင်း

အခြားလျှို့ဝှက်ငွေကြေးများကဲ့သို့ပင် SPARTA တွင်လည်း ဈေးကွက်မှ ချိန်ညှိနေသော ကိုယ်ပိုင်ငွေလဲနှုန်း ရှိပါသည်။ SPARTA သည် အခြားလျှို့ဝှက်ငွေကြေးများထက် ပိုမိုမြန်ဆန်ပြီး ပိုမိုလွယ်ကူသော ခေတ်မီလျှို့ဝှက်ငွေကြေးတစ်ခု ဖြစ်သည့်အတွက် အခြားငွေကြေးများထက် ပိုမိုခိုင်မာပြီး ပို၍ တန်ဖိုးကြီးမည်ဟု ယူဆနိုင်သည်။ SPARTA လျှို့ဝှက်ငွေကြေးသည် အသုံးပြုရန် အဆင်ပြေကာ အကျိုးအမြတ်လည်း ရှိနိုင်ပါသည်။

သင်သည် အဆင့်သုံးဆင့်ဖြင့် ဝင်ငွေရရှိနိုင်ပါသည်-

လက်ရှိ ငွေလဲလနှုန်းဖြင့် SPA ဒင်္ဂါးများကို ဝယ်ယူပါ။
ငွေလဲနှုန်းမတက်ခင်အထိ ခေတ္တစောင့်ပါ။
SPA ဒင်္ဂါးများ(သို့မဟုတ် ဒင်္ဂါးများ၏ တစ်စိတ်တစ်ပိုင်း) ကို ဝယ်ယူထားသော ဈေးနှုန်းထက်ပိုမြင့်သော နှုန်းထားဖြင့် ရောင်းချပါ။

လျှို့ဝှက်ငွေကြေးကို ရေတိုရင်းနှီးမြှုပ်နှံခြင်းထက် ရေရှည်ရင်းနှီးမြှုပ်နှံခြင်းက ပို၍ အကျိုးအမြတ်ရှိသည်ကို တွေ့ရှိရပါသည်။

Bitcoin ၏ တက်လာသော လဲလှယ်နှုန်းကို နမူနာအဖြစ်ယူကြည့်ပါ။ ယေဘုယျအားဖြင့် Bitcoin နှုန်းသည် အဆက်မပြတ် တစ်နှစ်ပြီးတစ်နှစ် တိုးတက်လာပြီး ပိုမိုလျင်မြန် လာပါသည်။

  • — Bitcoin သည် 2009 နှင့် 2010 တွင် စတင်ပေါ်လာခဲ့ပြီး ထိုစဉ်က ဆင့် အနည်းငယ်သာ တန်ဖိုးရှိခဲ့သည်။ 1,309 bitcoins ကို အမေရိကန် 1 ဒေါ်လာဖြင့် ဝယ်ယူနိုင်ခဲ့ကြသည်။
  • — 2013 တွင် Bitcoin 1 စေ့ ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ 150ဖြစ်သည်။
  • — 2016 နှစ်လယ်ပိုင်းတွင် အမေရိကန်ဒေါ်လာ 500 ဖြစ်သည်။
  • — 2017 ဇန်နဝါရီတွင် အမေရိကန်ဒေါ်လာ 1,000 ဖြစ်သည်။
  • — 2017 နွေဦးတွင် အမေရိကန်ဒေါ်လာ 2,500 ဖြစ်သည်။
  • — 2017 နွေရာသီတွင် — အမေရိကန်ဒေါ်လာ 4,500
  • — 2017 ဆောင်းဦးတွင် — အမေရိကန်ဒေါ်လာ 6200

အိမ်ခြံမြေအကျိုးဆောင်၊ တွင်းထွက်သတ္တု သို့မဟုတ် ကုမ္ပဏီရှယ်ယာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အမြတ်ရာခိုင်နှုန်း ထောင်ချီ၍ ရရှိနိုင်မည် မဟုတ်ပါ။ နမူနာအဖြစ် Bitcoin အပြင် အခြားလျှို့ဝှက်ငွေကြေးများလည်း ရှိပါသည်။ Litecoin နှင့် Ethereum တို့သည် အစတွင် ဆင့် အနည်းငယ်သာ တန်ဖိုးရှိသော်လည်း ယခုတွင် အဆပေါင်းထောင်ချီ၍ အဖိုးတန်နေပြီဖြစ်သည်။

ထို့ကြောင့် ယခု SPA ကို ယခုဝယ်ထားပြီး အချိန်ကာလတစ်ခုစောင့်ဆိုင်းပြီးနောက် အဆပေါင်းရာကျော်ဖြင့် ပြန်လည်ရောင်းချနိုင်မည့် အခွင့်အရေးရှိကာ မီလျံနာပင်ဖြစ်လာနိုင်မည်ဖြစ်သည်။ လက်ရှိတွင် သင်သည် အလွန်တန်သော ဈေးနှုန်းဖြင့် SPA များကို ဝယ်ယူထားနိုင်ပါသည်။ ဤအခွင့်အရေးကို လက်လွတ်မခံပါနှင့်။

ရောင်းဝယ်လဲလှယ်ခြင်း

ရေတိုနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုများအပြင် သင်သည် ငွေလဲနှုန်းအတက်အကျအရလည်း ဝင်ငွေရရှိနိုင်ပါသည်။ သင်သည် SPA ဒင်္ဂါးများကို လဲလှယ်ပြီး ဝယ်ဈေးနှင့် ရောင်းဈေး ကွာခြားချက်အရ ဝင်ငွေရရှိနိုင်ပါသည်။

မည်သို့လုပ်ဆောင်မည်နည်း-

ငွေလဲနှုန်း ကျနေသည့်အခါ လျှို့ဝှက်ငွေကြေးကို ဝယ်ထားပါ။
ငွေလဲနှုန်းတက်သည့်အခါ အခြားသူများကို အမြတ်တင်၍ ပြန်ရောင်းပါ။

အမှန်မှာ ယင်းသည် စတော့ရှယ်ယာ ရောင်းဝယ်ခြင်းနှင့်ပုံစံတူသော်လည်း စတော့အစား SPA ဒင်္ဂါးများကို ရောင်းဝယ်ခြင်းဖြစ်၍ လူတိုင်းတတ်နိုင်ပါသည်။ အရောင်းအဝယ်ပြုလုပ်ခြင်းနှင့် သက်ဆိုင်သည့် အသုံးဝင်သော ဗီဒီယိုများနှင့် လမ်းညွှန်များစွာကို အင်တာနက်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။ ဤသည်မှာ သင့်အတွက် အမှီအခိုကင်းသော ဘဝသစ်တစ်ခုကို စတင်နိုင်မည့် အခွင့်အရေးဖြစ်ပါသည်။

SPARTA ကို အရောင်းအဝယ်ပြုလုပ်နိုင်မည့် နေရာများ စာရင်းကို ဤနေရာတွင် ရှာဖွေနိုင် ပါသည်

ကောင်းမွန်သော ရင်းနှီးမြှုပ်နှံမှုနှင့် ရောင်းဝယ်ရေးကို ခံစားကြည့်ပါ။

ပိုက်ဆံအိတ်တစ်ခု ပြုလုပ်ရန်