SPA = BTC0.00

SPARTA သည် မျိုးဆက်သစ် လျှို့ဝှက်ငွေကြေးတစ်ခုဖြစ်သည်
SPARTA ကို စတင်အသုံးပြုသင့်သည့် အကြောင်းရင်း 9 ချက်

  1. ဘလော့ခ်ချိတ်ဆက်မှု နည်းပညာ။

    မည်သည့်ငွေပေးချေမှုမျိုးအတွက်မဆို စစ်မှန်ကြောင်း အလွယ်တကူ အတည်ပြုနိုင်ပြီး လျှို့ဝှက်ငွေကြေးကို အတုပြုလုပ်ခြင်း သို့မဟုတ် အချက်အလက်ခိုးယူခြင်းများ ပြုလုပ်နိုင်မည် မဟုတ်ပါ။ SPARTA သည် ဗဟိုထိန်းချုပ်မှု မရှိသောကြောင့် နိုင်ငံများနှင့် ကုမ္ပဏီများသည် စနစ်အတွင်းရှိ လုပ်ငန်းလည်ပတ်မှုများကို လွှမ်းမိုးနိုင်ခြင်း မရှိပါ။

  2. အချိန်မရွေး၊ နေရာမရွေး လွှဲပြောင်းနိုင်ခြင်း။

    SPARTA လုပ်ဆောင်ချက်များကို 24/7 လုပ်ဆောင်နိုင်ပါသည်။ လျှို့ဝှက်ငွေကြေးကို သင် မည်သည့်အချိန် မည်သူ့ထံ မည်သည့်နေရာသို့ ပေးပို့မည်ကို ဆုံးဖြတ်နိုင်သည်။

  3. အနိမ့်ဆုံး ဝန်ဆောင်ခဖြစ်ခြင်း။

    သင်သည် SPARTA လုပ်ဆောင်ချက်များအတွက် အနည်းဆုံး ဝန်ဆောင်ခသာပေးရမည်။ အခြားလျှို့ဝှက်ငွေကြေး ဝန်ဆောင်ခများနှင့် မတူဘဲ SPARTA ဝန်ဆောင်ခကို တတ်နိုင်သမျှ အနိမ့်ဆုံးဖြစ်စေရန် အမြဲ ချိန်ညှိထားသည်။ ယင်းဝန်ဆောင်ခသည် DDoS တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ဖြစ်သည်။

  4. လုံခြုံရေး။

    SPARTA သည် လိမ်လည်သူများ အခွင့်အရေးမရရှိအောင် ပြုလုပ်ခြင်းဖြင့် အမျိုးမျိုးသော ကွန်ရက်တိုက်ခိုက်မှုများမှ ကာကွယ်ပေးသည်။

  5. အဆင်ပြေလွယ်ကူမှုနှင့် အသုံးပြုရလွယ်ကူခြင်း။

    လူတိုင်း SPARTA အသုံးပြုနိုင်ပါသည်။ SPA သည် ငွေလဲလှယ်ခြင်း၊ ငွေလဲရာနေရာများမှတစ်ဆင့် နိုင်ငံသုံးငွေကြေးများနှင့် မည်သည့်အချိန်တွင်မဆို အလွယ်တကူ လဲလှယ်နိုင်သည်။

  6. ထည့်ဝင်ငွေ အထောက်အထား။

    ကွန်ပျူတာများ၏ စွမ်းအင်အမြောက်အမြားအသုံးပြု၍ အလဟဿဖြစ်စေမည့်အစား သုံးစွဲသူ စာရင်းလက်ကျန်ဖြင့် ကွန်ရက်လုံခြုံမှု ရှိအောင် ဆောင်ရွက်နိုင်ပါသည်။ ထို့ကြောင့် သမားရိုးကျ ကွန်ပျူတာ၊ လက်ပ်တော့ပ်များဖြင့် ကွန်ရက်ကို ပံ့ပိုးနိုင်ပါသည်။ တန်ဖိုးကြီး စက်ကိရိယာများဝယ်ယူရန်နှင့် လျှပ်စစ်မီတာခ မြောက်မြားစွာ ပေးရန် မလိုအပ်ပါ။

  7. ကွန်ရက်တွင် ပါဝင်ခြင်းအတွက် အဖိုးတန်ဆုများ။

    သင်သည် ဘလော့ခ်တစ်ခုအတွင်း လုပ်ဆောင်ချက်များ၏ ဝန်ဆောင်ခစုစုပေါင်းကို ရရှိနိုင်ပါသည်။ အချို့ ကျေနပ်ဖွယ်အခြေအနေများတွင် သင်သည် အသစ်ဖန်တီးထားသော SPA တိုကင်ပုံစံဖြင့် ဆုတစ်ခုကိုလည်း အခိုင်အမာ ရရှိနိုင်ပါသည်။ ဤဆု၏ အရွယ်အစားမှာ အစတွင် ဘလော့ခ်တစ်ခုလျှင် 8,000 SPA ဖြစ်ပြီး ဘလော့ခ် 500,000 တိုင်း ပြောင်းလဲသွားမည်ဖြစ်သည်။

  8. ငွေကြေးဖောင်းပွမှုကို ကာကွယ်ခြင်း။

    စုစုပေါင်းအနေဖြင့် ဒင်္ဂါး 9 ဘီလျံနီးပါးခန့် ဖန်တီးသွားမည်ဖြစ်သည်။ နိုင်ငံသုံးငွေကြေးများနှင့် အခြားလျှို့ဝှက်ငွေကြေးများနှင့် မတူသည်မှာ SPARTA အား ကန့်သတ်ထားသော တိုကင်ပမာဏဖြင့် ပံ့ပိုးထားက ငွေကြေးဖောင်းပွမှုကို ကာကွယ်ထားပါသည်။ SPA တိုကင်အသစ်များအားလုံးကို 8 နှစ်ခန့် တူးဖော်သွားမည်ဖြစ်သည်။

  9. မြင့်မားသော စွမ်းဆောင်ရည်ဖြင့် လျင်မြန်သော လုပ်ဆောင်ချက်များ။

    SPA ကွန်ရက်ပေါ်တွင် ဘလော့ခ်သစ်တစ်ခုအား မိနစ်တိုင်းတွင် ဖန်တီးလျက်ရှိပါသည်။ SPARTA သည် တစ်နေ့လျှင် လုပ်ဆောင်ချက်ပေါင်း 1,278,720 ကျော်ဆောင်ရွက်နိုင်ပြီး ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့မဆို အနည်းဆုံးဝန်ဆောင်ခဖြင့် ပေးပို့နိုင်သည်။ နှိုင်းယှဉ်ကြည့်ပါက Bitcoin သည် တစ်နေ့လျှင် အများဆုံး လုပ်ဆောင်ချက်ပေါင်း 300,000–400,000 အထိသာ ပံ့ပိုးပေးနိုင်ပါသည်။

ပိုက်ဆံအိတ်တစ်ခု ပြုလုပ်ရန်