SPA = BTC0.00

အမေးများသောမေးခွန်းများ

SPARTA လျှို့ဝှက်ငွေကြေးကို အဘယ်ကြောင့် ကျွန်ုပ်အသုံးပြုရန် လိုအပ်သနည်း။

SPARTA လျှို့ဝှက်ငွေကြေးသည် ဘဏ် သို့မဟုတ် အစိုးရပေါ်တွင် မှီခိုခြင်းမရှိသော အဆင်ပြေလွယ်ကူသည့် ဗဟိုထိန်းချုပ်မှုမရှိသော ငွေပေးချေမှု စနစ်တစ်ခုဖြစ်ပါသည်။ လျှို့ဝှက်ငွေကြေးသည် ဝှက်စာရေးနည်းပညာ (ဆိုလိုသည်မှာ အချက်အလက်များကို ဝှက်သော ပညာ) ပေါ်တွင် အခြေခံသော ဒစ်ဂျစ်တယ် ပိုက်ဆံဖြစ်ပါသည်။

သင်သည် SPARTA ကို အသုံးပြု၍ ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာသို့မဆို ဝန်ဆောင်ခ အခမဲ့နီးပါးဖြင့် လျင်မြန်စွာ ငွေလွှဲပေးပို့နိုင်မည်ဖြစ်သည်။ SPARTA သည် လူအများကြား ဗဟိုထိန်းချုပ်မှုမရှိသော ငွေကြေးဆက်သွယ်မှုအသစ်များကို — ရိုးသားမျှတစွာဖြင့် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

သင်သည် အောက်ပါတို့ ပြုလုပ်ခြင်းဖြင့် ဝင်ငွေရရှိနိုင်ပါသည်-

  • ရင်းနှီးမြှုပ်နှံခြင်း၊
  • ငွေအရောင်းအဝယ်ပြုလုပ်ခြင်း၊
  • ပုံသွင်းခြင်း၊ ဆိုလိုသည်မှာ- လျှို့ဝှက်ငွေကြေးကို လွတ်လပ်စွာ တူးဖော်ခြင်း။

လျှို့ဝှက်ငွေကြေး၊ SPARTA ၏ အင်္ဂါရပ်များနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက “လျှို့ဝှက်ငွေကြေးအကြောင်း” ကဏ္ဍကို ကြည့်ပါ

SPARTA ကို မည်သူက မည်သည့်အချိန်တွင် စတင်ဖန်တီးခဲ့သနည်း။

SPARTA ကို 2017 ခုနှစ် အောက်တိုဘာလတွင် လျှို့ဝှက်ငွေကြေးဆိုင်ရာ အတွေ့အကြုံ 3 နှစ်ခန့်၊ ပရောဂျက် စီမံခန့်ခွဲမှု အတွေ့အကြုံ 6 နှစ်ခန့်ရှိသော အဖွဲ့တစ်ခုမှ စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်ပျော်ရွှင်သော လူမှုအသိုက်အဝန်းသစ်တစ်ခု ဖန်တီးရန် စိတ်ကူးဖြင့် အဖွဲ့အား ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

SPARTA ၏ တရားဝင် ဝက်ဘ်ဆိုက်မှာ အဘယ်နည်း။

SPARTA လျှို့ဝှက်ငွေကြေးတွင် တရားဝင် ဝက်ဘ်ဆိုက် တစ်ခုသာ ရှိပါသည်။ - sparta.top.

SPARTA ကို အဘယ်ကြောင့် ဖန်တီးခဲ့သနည်း။

ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လျှို့ဝှက်ငွေကြေးဆင့်ကဲဖြစ်စဉ်၏ အဆင့်သစ်တစ်ရပ်ကို စတင်ရန် ဖြစ်သည်။ SPARTA သည် ဗဟိုထိန်းချုပ်မှုမရှိသော၊ ရိုးသား၍ မျှတသည့် ငွေကြေးဆက်သွယ်မှုအသစ်များ ဖြစ်လာစေရန်အတွက် လျှို့ဝှက်ငွေကြေး နည်းပညာကို ပိုမိုလွယ်ကူလာစေပြီး ကျွန်ုပ်တို့ ဘဝများ၏ အစိတ်အပိုင်းအဖြစ် လျင်မြန်စွာ ဖြစ်ပေါ်လာပါသည်။ဤသည်မှာ ကျွန်ုပ်တို့ မျှော်လင့်နေသည့် အနာဂတ်ဖြစ်ပါသည်။

SPARTA နှင့် ဘလော့ခ်ချိတ်ဆက်မှုတွင် မရေမတွက်နိုင်သော အလားအလာများ ရှိပါသည်။ ၎င်း၏ ရှင်းလင်းသော အကျိုး ကျေးဇူးများအရ SPARTA နည်းပညာသည် လျှို့ဝှက်ငွေကြေးအား အဆင့်သစ်တစ်ခုသို့ ရောက်ရှိလာစေမည်ဖြစ်သည်။ ၎င်း၏ အကျိုးကျေးဇူးများ၊ အဆင်ပြေလွယ်ကူမှုနှင့် ရိုးရှင်းမှုတို့သည် လူတိုင်းအား အွန်လိုင်းငွေကြေးအသုံးပြုရ လွယ်ကူလာစေသည်။ SPARTA ကို အသုံးပြုခြင်းဖြင့် လူများသည် သီးခြားဘဏ်များ ဖြစ်လာစေနိုင်သည့် အခွင့်အရေးတစ်ခု ရလာပြီး အိမ်မှပင် အလွယ်တကူ ဝင်ငွေရရှိလာနိုင်မည်ဖြစ်သည်။

လူများသည် SPARTA သမားရိုးကျ ငွေကြေးများထက်ပိုသော လျှို့ဝှက်ငွေကြေး၏ အကျိုးကျေးဇူးများကို သိရှိလာကြမည်ဖြစ်ပြီး ယင်းကို ကျယ်ပြန့်စွာ စတင်အသုံးပြုလာကြမည်ဖြစ်သည်။ ရလဒ်အနေဖြင့် အသိုက်အဝန်းအတွင်းရှိ ငွေကြေး ဆက်သွယ်မှုများသည် အခြေခံအားဖြင့် ပြောင်းလဲလာပြီး ရိုးသားမျှတလာကြမည်ဖြစ်သည်။ သို့ဖြစ်ရာ ကမ္ဘာတစ်ဝန်းလုံးသည် ရိုးသား၍ မျှတလာကြမည်ဖြစ်သည်။ ယင်းသည် ကျွန်ုပ်တို့အားလုံးအတွက် လိုလားနေသည့် အမြင့်ဆုံး ရည်မှန်းချက်ဖြစ်ပါသည်။

SPARTA ကို မည်သူများ အသုံးပြုနိုင်သနည်း။

အင်တာနက်အသုံးပြုနိုင်သည့် ကွန်ပျူတာရှိသူတိုင်း အသုံးပြုနိုင်သည်ဖြစ်ရာ SPARTA ကွန်ရက် ပရိသတ်များသည် လျှို့ဝှက် ငွေကြေးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်မည်ဖြစ်သည်။

SPARTA ကွန်ရက်သည် သုံးစွဲသူများအား လူမှုရေး၊ လူမျိုး၊ နိုင်ငံသား၊ ဘာသာရေး၊ နိုင်ငံရေးနှင့် လိင်ထူးခြားချက်များကြောင့် ခွဲခြားခြင်းမရှိပါ။ ဤကွန်ရက်မှာ ကမ္ဘာအနှံ့မှ သုံးစွဲသူများအားလုံးအား ၎င်းတို့၏ လိင်အမျိုးအစား၊ လူမျိုး၊ ယုံကြည်မှု၊ လူမှုရေး အခြေအနေ သို့မဟုတ် နိုင်ငံရေးရှုထောင့် မည်သို့ပင်ဖြစ်နေစေကာမူ အောင်အောင်မြင်မြင် မျှမျှတတ သုံးစွဲစေနိုင်မည်ဖြစ်သည်။

SPARTA သည် သုံးစွဲသူအားလုံး၏ အခွင့်အရေးများကို ညီမျှစေပြီး အဓိကရှုထောင့်များဖြစ်သော — လွတ်လပ်၊ ရိုးသား၍ မျှတသော ငွေကြေးဆက်သွယ်မှုများဖြင့် ၎င်းတို့အား ချိတ်ဆက်ပေးသည်။ ထို့ကြောင့် သင်သည် မည်သူ ဖြစ်စေ၊ မည်သည့် နေရာတွင် ရှိသည်ဖြစ်စေ SPARTA အား မည်သည့် ပြဿနာမျှမရှိဘဲ အသုံးပြုနိုင်မည်ဖြစ်သည်။

SPARTA သည် မည်သည့်နေရာမှ စတင်သနည်း။

လျှို့ဝှက်ငွေကြေးသည် နိုင်ငံတစ်ခု၊ ကုမ္ပဏီ သို့မဟုတ် ဘဏ်များမှ ပိုင်ဆိုင်သည် မဟုတ်ဘဲ တူးဖော်ရခြင်းဖြစ်ကာ ယင်း၏ လုံခြုံရေးကိုလည်း သုံးစွဲသူများကိုယ်တိုင်ပင် အထူးဆော့ဖ်ဝဲတစ်မျိုး ထည့်သွင်းအသုံးပြုခြင်းဖြင့် ကာကွယ်ကြရပါသည်။ မည်သည့် သုံးစွဲသူမဆို SPARTA အား တူးဖော်နိုင်ပါသည်။

ယင်းသည် ဥပဒေနှင့် ညီပါသလား။

SPARTA သည် မည်သည့် နိုင်ငံတကာ ဥပဒေကိုမျှ ချိုးဖောက်ခြင်း မရှိပါ။ ထို့ကြောင့် လျှို့ဝှက်ငွေကြေးကို သင့်နိုင်ငံတွင် တားမြစ်ထားခြင်း မရှိပါက အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင့်နိုင်ငံ၏ ဥပဒေများကို လိုက်နာမည်ဖြစ်ပါသည်။

လျှို့ဝှက်ငွေကြေး သုံးစွဲခြင်းထက် ဘဏ်များ သုံးစွဲခြင်းသည် မည်သည့်အတွက် ပို၍ အကျိုးအမြတ်ရှိသနည်း။

  • ကမ္ဘာပေါ်ရှိ မည်သည့်နေရာအတွက်မဆို ငွေကုန်ကြေးကျသက်သာစွာဖြင့် လုပ်ဆောင်ချက်များ ပြုလုပ် နိုင်သည်။ လုပ်ဆောင်ချက်များအတွက် ဝန်ဆောင်ခမှာ ဘဏ်ဝန်ဆောင်ခထက် များစွာပိုမို သက်သာပြီး လွှဲပို့သည့် ပမာဏ သို့မဟုတ် သုံးစွဲသူ၏ တည်နေရာတို့အပေါ် မူတည်၍ ပေးချေရခြင်းမျိုး မဟုတ်ပါ။ သင်သည် ကမ္ဘာပေါ်ရှိ မည်သည့်နေရာမှ မည်သူ့ကိုမဆို အနည်းဆုံးဝန်ဆောင်ခဖြင့် ငွေလွှဲပေးပို့နိုင်ပါသည်။
  • အဆင်ပြေလွယ်ကူသည်။ ဘဏ်ဆောင်ရွက်ချက်များနှင့် မတူဘဲ လျှို့ဝှက်ငွေကြေးကို ဆောင်ရွက်ချက်များ ကို တစ်ရက်လျှင် 24 နာရီ၊ တစ်ပတ်လျှင် 7 ရက် ပြုလုပ်နိုင်ပါသည်။ မည်သည့်အချိန် မည်သည့်နေရာသို့ မည်သူ့ကို သင့်ငွေပေးပို့မည်ကို ဆုံးဖြတ်နိုင်ပါသည်။
  • လျင်မြန်စွာ ငွေလွှဲနိုင်ခြင်း- ဘဏ် ငွေလွှဲမှုများသည် ပျမ်းမျှအားဖြင့် လုပ်ငန်းရက် 3-5 ရက်ခန့် ကြာမြင့် နိုင်ပါသည်။ ဖြစ်ရပ်အများစုတွင် SPARTA သို့ လွှဲပြောင်းပေးပို့ခြင်းသည် တစ်မိနစ်သာ ကြာမြင့်ပါမည်။
  • ငွေကြေးဖောင်းပွမှုကို ကာကွယ်ခြင်း။ နိုင်ငံသုံး ငွေကြေးများသည် နှစ်စဉ် 1—0% ခန့် လျော့ကျ လျက်ရှိပါသည် (တစ်ခါတစ်ရံ ပိုများနိုင်ပါသည်)။ SPARTA သည် ကန့်သတ်ထားသော အရေအတွက်ဖြင့် ပံ့ပိုးထားပြီး ငွေကြေးဖောင်းပွမှုကို ကာကွယ်ထားပါသည်။ လျှို့ဝှက်ငွေကြေးတွင် ဈေးကွက်မှ ထိန်းချုပ်နေသော ကိုယ်ပိုင် ငွေလဲနှုန်းတစ်ခု ရှိသည်။

ထို့ကြောင့် သင်သည် အခြားနိုင်ငံတစ်ခုရှိ လူတစ်ယောက်ကို ငွေကြေးအချို့ပေးပို့ရန် လိုအပ်ပါက သင်သည် ဝန်ဆောင်ခ အများအပြားပေးချေရန်နှင့် စာရွက်စာတမ်းများစွာ ဖြည့်စွက်ရန် မလိုအပ်ဘဲ လျင်မြန်စွာ ပေးပို့နိုင်သည်။ သင်သည် ပိုက်ဆံအိတ်နံပါတ်နှင့် ပမာဏကို အလွယ်တကူ ထည့်သွင်းပြီး ခလုတ်နှိပ်လိုက်ရုံဖြင့် လက်ခံသူထံ မိနစ်ပိုင်းအတွင်း ပေးပို့နိုင်မည်ဖြစ်သည်။

SPARTA ဒင်္ဂါးမည်မျှ တူးဖော်ရမည်နည်း။

SPA ဒင်္ဂါးစုစုပေါင်းမှာ 8,888,888,888 (~9 ဘီလျံ) ရှိပါသည်။

SPARTA ကွန်ရက်သည် လုပ်ဆောင်ချက် မည်မျှကို ပြုလုပ်နိုင်သနည်း။

ကွန်ရက်၏ လုပ်နိုင်စွမ်းမှာအောက်ပါအတိုင်းဖြစ်သည်-

  •  တစ်စက္ကန့်လျှင် လုပ်ဆောင်ချက်14.7 ခု၊
  • တစ်မိနစ်လျှင် လုပ်ဆောင်ချက်888 ခု၊
  • တစ်နာရီလျှင် လုပ်ဆောင်ချက်53,280 ခု၊
  • တစ်ရက်လျှင် လုပ်ဆောင်ချက်1,278,720 ခု၊
  • တစ်ပတ်လျှင် လုပ်ဆောင်ချက်8,951,040 ခု၊
  • တစ်လလျှင် လုပ်ဆောင်ချက်38,361,600 ခု၊
  • တစ်နှစ်လျှင် လုပ်ဆောင်ချက်466,732,800 ခု၊

ကိုးကားရန်အတွက်- Bitcoin မှတစ်ဆင့် တစ်နေ့လျှင် အများဆုံး လုပ်ဆောင်ချက်ပေါင်း 3-4 သိန်းအထိသာ ဆောင်ရွက် နိုင်သည်။

အခြား လျှို့ဝှက်ငွေကြေးများနှင့် ယှဉ်၍ SPARTA ၏ ကောင်းကျိုး/ဆိုးကျိုးများကို ဖော်ပြပါ။ SPARTA သည် PoS ၊ PoW သို့မဟုတ် hybrid နည်းပညာများမှ မည်သည့်နည်းပညာကို အသုံးပြုထားသနည်း။

SPARTA သည် အခြား လျှို့ဝှက်ငွေကြေးများနှင့်ယှဉ်လျှင် ကောင်းကျိုးများစွာ ရှိပါသည်- မြင့်မားသော ကွန်ရက် စွမ်းဆောင်ရည်၊ လုံခြုံရေး၊ ပုံသွင်းခြင်းအတွက် အဖိုးတန် ဆုများ အစရှိသည်ဖြင့်။

သို့သော် အဓိက ကွာခြားချက်မှာ ဥပမာအားဖြင့် Bitcoin ကဲ့သို့ အခြားလျှို့ဝှက်ငွေကြေးအများစု အသုံးပြုနေသော Proof-of-Work (လုပ်ငန်းအထောက်အထား) အစား Proof-of-Stake(ဝင်ငွေအထောက်အထား) နည်းစနစ်ကို အသုံးပြုခြင်းဖြစ်သည်။

ဝင်ငွေအထောက်အထား စနစ်သည် SPARTA သုံးစွဲသူများ ကွန်ရက် လုံခြုံရေးကို ထိန်းသိမ်းရန်နှင့် ဆုရယူရန်တို့အတွက် စွမ်းအားမြင့်ကွန်ပျူတာများ မလိုအပ်ဘဲ သာမန်ကွန်ပျူတာ တစ်လုံးဖြင့်သာ အဆင်ပြေပြေ အသုံးပြုနိုင်သော ထူးခြားသည့် နည်းစနစ်ဖြစ်ပါသည်။ ထို့ကြောင့် ဤနည်းလမ်းသည် သာမန်လူတိုင်း သုံးစွဲနိုင်ပြီး ဗဟိုထိန်းချုပ်မှုစနစ် မလိုအပ်ခြင်းဖြစ်သည်။

ပုံသွင်းကိရိယာအဖြစ်သုံးသော ဝင်ငွေအထောက်အထား ဖြစ်ရပ်တွင် ကွန်ပျူတာ စွမ်းအားအစား သုံးစွဲသူ၏ လက်ကျန်ငွေစာရင်းကို အသုံးပြုသည်။ SPA တိုကင်များ(ဒင်္ဂါးများ)ကို ပရိုဆက်ဆာနှင့် ဗီဒီယိုကတ်များအစား အသုံးပြုသည်။ တိုကင်တစ်ခုစီသည် ပုံသွင်းကိရိယာတစ်ခုပင်ဖြစ်သည်။

အခြား ဝင်ငွေအထောက်အထား နည်းစနစ်ကို အသုံးပြုသည့် အနည်းငယ်သော အချို့လျှို့ဝှက်ငွေကြေးများနှင့် မတူဘဲ SPARTA ပုံသွင်းနေ(တူးဖော်နေ)စဉ်အတွင်း သုံးစွဲသူများသည် ဝန်ဆောင်ခများ၊ အချို့အခြေအနေများ၊ အသစ်ပြုလုပ်ပေးသော ဒင်္ဂါးများ၊ 5 Bitcoin ကဲသို့ ဆုများရရှိနိုင်ပါသည်။ ဆိုလိုသည်မှာ SPARTA သုံးစွဲသူများသည် သာမန်လပ်တော့ပ်များဖြင့်ပင် ဒင်္ဂါးသစ်များကို တူးဖော်နိုင်မည်ဖြစ်သည်။

ပိုမိုသိရှိလိုသည်များရှိပါက ကျွန်ုပ်တို့၏ ဈေးကွက်ရှာဖွေရေး လက်စွဲကို ဖတ်ရှုပါ ဈေးကွက်ရှာဖွေရေးလက်စွဲ၊

စာရင်းတစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလဲခြင်းနည်းလမ်းမှာ ဘာလဲ။ လုပ်ဆောင်ချက်ဟူသည် အဘယ်နည်း။

လုပ်ဆောင်ချက်များသည် မိမိတို့၏ လက်ကျန်စာရင်းကို ပြောင်းလဲနိုင်သည်ဟု SPARTA မှ ဖော်ပြထားသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ လုပ်ဆောင်ချက်တစ်ခုစီသည် လုပ်ငန်းတစ်ခုတည်းကို ဆောင်ရွက်ပါသည်။ လုပ်ဆောင်ချက်မှတ်တမ်း သည် ဘလော့ခ်အတွင်းသို့ ထည့်သွင်းပြီးသည်နှင့် ကွန်ရက်ထဲတွင် ထာဝရသိမ်းဆည်းသွားမည်ဖြစ်သည်။

အချုပ်ဆိုရင်လျှင် လုပ်ဆောင်ချက်ဆိုသည်မှာ လိပ်စာတစ်ခုမှ အခြားလိပ်စာတစ်ခုသို့ SPA လွှဲပြောင်းခြင်း ဖြစ်သည်။ SPARTA ကွန်ရက်အဖွဲ့ဝင်တစ်ဦး လုပ်ဆောင်ချက်တစ်ခု လုပ်ပြီဆိုပါက ယင်းသည် လုပ်ဆောင်ချက် ကဏ္ဍသို့ ကွန်ရက်သုံးစွဲသူများ၏ အခြားလုပ်ဆောင်ချက်အသစ်များနှင့်အတူ ရောက်ရှိသွားမည်ဖြစ်သည်။

အကျုံးဝင်သော ကွန်ရက် ဘလော့ခ်တစ်ခုအတွင်း ထည့်သွင်းခြင်းမပြုမချင်း SPARTA လုပ်ဆောင်ချက်များ အာလုံးကို အတည်မပြုရသေးဟု သတ်မှတ်သည်။ ဘလော့ခ်တစ်ခုကို လုပ်ဆောင်ချက်တစ်ခုနှင့်အတူ ဘလော့ခ်ချိတ်ဆက်မှုအတွင်း ထည့်သွင်းပြီးပါက ယင်းသည် အတည်ပြုချက်ပါသော လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမည်။ စည်းမျဉ်းအရ လုပ်ဆောင်ချက်အား ပေးပို့ပြီးသည်နှင့် ယင်းသည် လုပ်ဆောင်ချက်အပိုင်းမှ ဘလော့ခ်ဆီသို့ ရောက်ရှိသွားပါသည်။ SPARTA ကွန်ရက်ပေါ်ရှိ ဘလော့ခ်များကို မိနစ်တိုင်းတွင် ပြုလုပ်နေသည်ဖြစ်ရာ အချို့ဖြစ်ရပ်များတွင် လုပ်ဆောင်ချက်တစ်ခုသည် ပထမဆုံး အတည်ပြုချက်ရရှိရန်အတွက် 1 မိနစ်ခန့်သာ ကြာမြင့်ပါမည်။

နောက်ဆက်တွဲ ဘလော့ခ်များအား လက်ရှိ ဘလော့ခ် ချိတ်ဆက်မှုထဲ ပေါင်းထည့်ခြင်းဖြစ်သောကြောင့် လုပ်ဆောင်ချက် တစ်ခုစီသည် ပေါင်းထည့်လိုက်သော ဘလော့ခ်တစ်ခုစီ၏ အတည်ပြုချက် အသစ်များရ ရရှိမည်ဖြစ်သည်။ SPARTA ကွန်ရက်တွင် လုပ်ဆောင်ချက်တစ်ခုစီမှာ 10 မိနစ်ကြာ အတည်ပြုပြီးနောက်တွင် လုံခြုံသွားမည်ဖြစ်သည်။

အကြောင်းတစ်ခုခုကြောင့် လုပ်ဆောင်ချက်အား နောက်ဆုံးသတ်မှတ်ချိန် (24 နာရီ)မတိုင်မီ ဘလော့ခ်အတွင်း မထည့်သွင်းခဲ့ ပါက ယင်းကို လုပ်ဆောင်ချက် ကဏ္ဍမှ ဖယ်ထုတ်ပစ်ပါမည်။

လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုလျှင် ကျွန်ုပ်တို့၏ စက္ကူဖြူစာတမ်းအကြောင်း ပိုမိုလေ့လာပါ။

လုပ်ဆောင်ချက်တစ်ခုကို အတုပြုလုပ်၍ ရပါသလား။ လုပ်ဆောင်ချက်တစ်ခုကို ကူးယူခြင်းဖြင့် စာရင်းမှ ငွေများကို တစ်ကြိမ်ထက်ပို၍ ထုတ်ယူနိုင်ပါသလား။

မရပါ။ လုပ်ဆောင်ချက်တစ်ခုစီတိုင်းတွင် တစ်ကြိမ်သာရနိုင်မည့် ထူးခြားသည့် ဒစ်ဂျစ်တယ် လက်မှတ်တစ်ခု ပါရှိပါသည်။ ထပ်တူညီသော လုပ်ဆောင်ချက်နှစ်ခုကို ဘလော့ခ်ချိတ်ဆက်မှုတစ်ခုတည်းမှ လက်ခံ၍ မရနိုင်ပါ။ သီအိုရီအရ SPARTA ကွန်ရက်ပေါ်တွင် လုပ်ဆောင်ချက်တစ်ခုကို ကူးယူရန်အတွက် တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ချေရှိပါသည်။ သို့သော် အတည်ပြုချက် 10 ခု ပြုလုပ်ပြီးနောက်တွင် လုပ်ဆောင်ချက်ပြောင်းလဲရန် ရည်ရွယ်ပြုလုပ်သည့် မည်သည့်တိုက်ခိုက်မှုမဆို ပြုလုပ်၍ မရနိုင်တော့သည်မှာ အသေအချာပင်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လုပ်ဆောင်ချက်တစ်ခုသည် အတည်ပြုချက် 10 ခု ရရှိပြီးနောက်တွင် ထပ်မံပြုလုပ်၍ မရနိုင်တော့ပါ။ လုံခြုံဘေးကင်းစွာ ပြီးဆုံးသွားမည်ဖြစ်သည်။

တူးဖော်သူတစ်ဦး သို့မဟုတ် မသမာသူတစ်ဦးသည် SPARTA ကွန်ရက်ပေါ်တွင် လုပ်ဆောင်ချက်တစ်ခုကို ပြောင်းလဲခြင်း/အတုလုပ်ခြင်းများ ပြုလုပ်နိုင်ပါသလား။

မဖြစ်ပါ။ လုပ်ဆောင်ချက်တစ်ခုစီတိုင်းတွင် တစ်ကြိမ်သာရနိုင်မည့် ထူးခြားသည့် ဒစ်ဂျစ်တယ် လက်မှတ်တစ်ခု ပါရှိပါသည်။ မသမာသော လုပ်ဆောင်ချက်တစ်ခုကို ပို့လိုကလျှင် ကွန်ရက်မှ ငြင်းပယ်လိုက်ပြီး ဘလော့ခ်ချိတ်ဆက်မှုမှ လက်ခံမည်မဟုတ်ပါ။

ကျွန်ုပ်သည် မမှန်ကန်သော လုပ်ဆောင်ချက်တစ်ခုကို ဖျက်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း ပြုလုပ်နိုင်ပါသလား။

မရပါ။ ယင်းသို့ ပြုလုပ်၍ မရနိုင်ပါ။ ဘလော့ခ်ချိတ်ဆက်မှု၏ သူမတူသော ထူးခြားသည့် အင်္ဂါရပ်များအနက်မှ တစ်ခုမှာ လုပ်ဆောင်ချက်များကို ပေးပို့ပြီးသည်နှင့် ပြောင်းလဲ၍ မရနိုင်တော့ပါ။ ယင်းမှာ လုံခြုံရေးကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် လုပ်ဆောင်ချက်တစ်ခုကို မပြုလုပ်မီ အသေးစိတ်အချက်များကို ဂရုတစိုက် စစ်ဆေးရန်လိုပါသည်။

SPARTA အသုံးပြုခြင်းသည် လုံခြုံပါသလား။

SPARTA သည် ဘလော့ခ်ချိတ်ဆက်မှု နည်းပညာကို အသုံးပြုထားသောကြောင့် လုပ်ဆောင်ချက်များအားလုံးကို SPARTA ကွန်ရက်တွင် သိမ်းဆည်းထားပါသည်။ လျှို့ဝှက်ငွေကြေးကို အတုပြုလုပ်၍မရနိုင်သကဲ့သို့ ငွေပေးချေမှုများကိုလည်း ပြောင်းလဲ၍ မရနိုင်ပါ။

ထို့အပြင် SPARTA ကွန်ရက်ကို ဘလော့ခ်ချိတ်ဆက်မှုများတွင် တိုက်ခိုက်မှုမှ ကာကွယ်ပေးထားပါသည်-

  • မရိုးသားသော သုံးစွဲသူများသည် ဘလော့ခ်အသစ်များ ဖန်တီးနိုင်မည့် အခွင့်အရေးများ ပိုမိုရရှိနိုင်ရန် တိုကင်များကို လိပ်စာ တစ်ခုမှ အခြားလိပ်စာတစ်ခုသို့ ပြောင်းလဲ၍ မရနိုင်ပါ။ တိုကင်များသည် ရရှိပြီး 1 ရက်ကြာပြီးနောက်မှသာ ဘလော့ခ်များ ဖန်တီးနိုင်စွမ်းအပေါ် သက်ရောက်မှုရှိပါသည် (1,440 ဘလော့ခ်။)
  • လုပ်ဆောင်ချက်တစ်ခုသည် အတည်ပြုချက် 10 ခုပြီးနောက် (10 မိနစ်) လုံခြုံသွားမည်ဖြစ်သည်။ ထို့ကြောင့် ကွန်ရက်ကို တိုက်ခိုက်မည်ဆိုပါက တိုက်ခိုက်သူသည် တစ်ဆက်တည်း ဘလော့ခ် 10 ခု အသစ်ကို ဖန်တီးရမည်။ ယင်း၏ ရှုပ်ထွေးမှုမှာ ပင်မ ချိတ်ဆက်မှု၏ ရှုပ်ထွေးမှုထက် များစွာပိုသည်။ ယင်းအခြေအနေမျိုးမှာ တိုက်ခိုက်သူတွင် ကွန်ရက်ထဲရှိ တိုကင်အားလုံး၏ 90% ကျော်ရှိမှသာလျှင် ဖြစ်နိုင်မည်ဖြစ်သည်။ ယင်းမှာ တကယ့်လက်တွေ့ဘဝတွင် မဖြစ်နိုင်သည့် အခြေအနေမျိုးဖြစ်သည်။
  • ဝင်ငွေအထောက်အထားနည်းပညာသည် SPARTA ကွန်ရက်အား တိုက်ခိုက်မှုပေါင်း 51% မှ အလိုအလျောက် ကာကွယ်ပေးနိုင်ပါသည်။ အလုပ်အထောက်အထား အသုံးပြုသော လျှို့ဝှက်ငွေကြေးများနှင့်မတူဘဲ အခြား ကွန်ရက်သုံးစွဲသူများထက် ကွန်ပျူတာပါဝါ ပိုမြင့်သော ရိုက်စားတစ်ယောက်မှ ပိုမိုရှည်လျားသော ချိတ်ဆက်မှုများကို ပြုလုပ်၍ မရနိုင်ပါ။
  • SPARTA ကွန်ရက်သည် ချိတ်ဆက်မှုမှ နောက်ဆုံး ဘလော့ခ် 720 ကိုသာ ပြောင်းလဲရန် ခွင့်ပြုသဖြင့် ရိုက်စားများသည် အကျိုးအမြတ်ရစရာမရှိသည့် တိုက်ခိုက်မှုများကို ပြုလုပ်မည် မဟုတ်ပါ။ ယင်းထက်ပိုနိမ့်သော ဘလော့ခ်တင်သွင်းမှုများအား အလိုအလျောက် ငြင်းပယ်သွားမည်ဖြစ်သည်။

SPARTAအကြောင်း၊ ၎င်း၏ နည်းပညာဆိုင်ရာဝိသေသများနှင့် လုပ်ငန်းလည်ပတ်ပုံအခြေခံမူများအကြောင်းပိုမိုသိရှိလိုသည်များ ရှိပါကကျွန်ုပ်တို့၏ စက္ကူဖြူစာတမ်းကို ကြည့်ရှုပါ။

SPARTA သည် မည်သည့် ဒစ်ဂျစ်တယ် လက်မှတ်လုပ်ထုံးစနစ်ကို အသုံးပြုသနည်း။

ချိတ်ဆက်မှုရှိ ဘလော့ခ်တစ်ခုစီတိုင်းတွင် ထုတ်ပေးသော လက်မှတ်ကန့်သတ်ချက် တစ်ခုစီရှိသည်။ ဘလော့ခ်ဖန်တီးမှု လုပ်ငန်းစဉ်တွင် ပါဝင်ရန် လက်ရှိအသုံးပြုနေသော လိပ်စာတစ်ခုသည် ဝှက်စာနည်းအရ မိမိ၏ ကိုယ်ပိုင်အများသုံး သော့ဖြင့် ပြီးခဲ့သော ဘလော့ခ်၏ ထုတ်ပေးသော လက်မှတ်တွင် လက်မှတ်ထိုးရသည်။ ယင်းသည် 64-byte လက်မှတ်ကို ထုတ်ပေးပြီးနောက် SHA256 secure hash လုပ်ထုံးနည်းစနစ်ကို အသုံးပြု၍ hash တစ်ခုကို ပူးတွဲထည့်ပေးသည်။

ကျွန်ုပ်သည် ဝင်ငွေစတင်ရှာဖွေရန် မည်သည်တို့ လိုအပ်သနည်း။

သင်၏ အသက်အရွယ်၊ အလုပ်အကိုင်၊ ပညာရေး စသည်တို့ အရေးမကြီးပါ။ သင်သည် တက္ကသိုလ် ပညာတတ်ရန်၊ စာမေးပွဲများ အောင်မြင်ရန် သို့မဟုတ် လိုင်စင်များ ရယူထားရန်လည်း မလိုအပ်ပါ။ သင်သည် ရိုးရှင်းစွာပင် စတင်၍ ဝင်ငွေ ရှာဖွေနိုင်ပါသည်။ ကွန်ပျူတာ တစ်လုံးနှင့် စဉ်းစားနိုင်သည့် ဦးနှောက်တစ်ခုသာ လိုအပ်ပါသည်။

ကျွန်ုပ်သည် ပုံသွင်းခြင်းမှ မည်သို့ ဝင်ငွေရရှိနိုင်၍ မည်မျှ ရရှိနိုင်မည်နည်း။

လူတိုင်းတွင် မိမိတို့ကိုယ်တိုင် ပုံသွင်းခြင်းဖြင့် SPA ရနိုင်သည့် အလားအလာ ရှိပါသည်။ စတင်ပုံသွင်းရန် သင်သည် တိုကင် အနည်းဆုံးအရေအတွက်ရှိသည့် ပိုက်ဆံအိတ်တစ်အိတ်နှင့် သင့်ကွန်ပျူတာတွင် ထည့်သွင်းထားသည့် အထူး အပ်ပလီကေးရှင်းတစ်ခုသာ လိုအပ်ပါသည်။

  1. သင်သည် SPARTA ပိုက်ဆံအိတ်တစ်ခုကို ဖန်တီးပြီး သင့်စာရင်းထဲသို့ SPA တိုကင်ထည့်ပါ။ စတင်ပုံသွင်းရန်အတွက် အနည်းဆုံး 888 တိုကင်လိုအပ်မည်ဖြစ်သည်။ တိုကင်များများရှိလေ ဘလော့ခ်ပိုများများ ဖန်တီးနိုင်လေဖြစ်ကာ ဆုပိုရမည်ဖြစ်သည်။

    • တူးဖော်သူတစ်ယောက်၏ စာရင်းတွင် SPA 888 မှ 999,999 ကြားရှိလျှင် ၎င်းသည် ဝန်ဆောင်ခ စုစုပေါင်းကိုသာ လက်ခံရရှိမည်ဖြစ်သည်။
    • တူးဖော်သူ၏ စာရင်းတွင် SPA 1,000,000 သို့မဟုတ် ယင်းထက်ပိုရှိလျှင် ၎င်းသည် အသစ်ပြုလုပ်ထားသော တိုကင်များကိုလည်း ဆုရရှိမည်ဖြစ်သည်။

    ပိုက်ဆံအိတ်တစ်ခု ပြုလုပ်ရန်

  2. ပြင်ပငွေလွှဲပို့မှုတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပါ။ ယင်းအတွက် SPARTA ကွန်ရက်ရှိ အများသုံး သော့ကို ပြပေးရန် လိုအပ်ပါသည်။ သင်သည် အပိုလိပ်စာတစ်ခုကိုပင် ထုတ်နိုင်၍ မိမိဘာသာ တိုကင်များကို ပေးပို့နိုင်သည်။ အရေးကြီးဆုံးအရာမှာ မည်သည့်ပမာဏအတွက်မဆို ပြင်ပ ငွေလွှဲပို့မှုတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်။ သင့်အနေဖြင့် ဤလုပ်ဆောင်ချက်မှာ အနည်းဆုံး အတည်ပြုမှု 1440 ကြိမ်လက်ခံရပြီးနောက်မှသာ ပုံသွင်းခြင်းကို စတင်ပြုလုပ်နိုင်မည်ဖြစ်သည်။

  3. သင့်ကွန်ပျူတာတွင် အထူးအပ်ပလီကေးရှင်းတစ်ခု ရှိရမည်။ အပ်ပလီကေးရှင်းဖွင့်လိုက်သည်နှင့် ယင်းသည် SPARTA ကွန်ရက်အား အလိုအလျောက် ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ဘလော့ခ်တစ်ခု ဖန်တီးပြီးသွားပါက တူးဖော်သူသည် ဆုတစ်ခုရရှိမည်ဖြစ်သည်။ ဤဖြစ်စဉ်သည် အလိုအလျောက်ဖြစ်သည်။ သင်ပြုလုပ်ရန်မှာ အပ်ပလီကေးရှင်းကို ဖွင့်ကာ သင့်အတွက် SPA တိုကင်ကို ရယူရန်သာဖြစ်သည်။

    အပ်ပလီကေးရှင်းကို ဒေါင်းလုတ်ဆွဲပါ

    ဆော့ဝဲလ်အသစ်ကိုဘယ်လိုသုံးမလဲ?

ဘလော့ခ်တစ်ခု၏ ဆုသည် စုစုပေါင်းပြုလုပ်သောဘလော့ခ်အရေအတွက်(စုစုပေါင်းကြာချိန်)ပေါ်တွင် မူတည်၍ ပြောင်းလဲလျက်ရှိပါသည်။

အချိန်ဘလော့ခ် အရေအတွက်ဒင်္ဂါးအရေအတွက်ဆုရရှိသည့် ဘလော့ခ်
မတူးမီ0888,888,888-
1500,0004,000,000,0008,000
2500,0002,000,000,0004,000
3500,0001,000,000,0002,000
4500,000500,000,0001,000
5500,000250,000,000500
6500,000125,000,000250
7500,00062,500,000125
8500,00062,500,000125
စုစုပေါင်း4,000,0008,888,888,888-

ဘလော့ခ်တစ်ခု ပြောင်းလဲခြင်းအတွက် ဆုသည် ဖန်တီးထားသော ဘလော့ခ်အရေအတွက် စုစုပေါင်းပေါ်တွင် မူတည်ပြီး ပြောင်းလဲလျက်ရှိပါသည် (စုစုပေါင်းကြာချိန်)။

SPARTA ပုံသွင်းခြင်းကို ပြုလုပ်ကြည့်ပြီး ဗဟိုထိန်းချုပ်မှု မရှိသော ငွေကြေးအနာဂတ် အသစ်တစ်ခုကို ဖန်တီးကြည့်ပါ။ ရိုးရှင်းစွာပင် Bitcoin ၏ နမူနာကို မှတ်ထားပါ- 2009 ခုနှစ်တွင် 1309 BTC ကို အမေရိကန်ဒေါ်လာ 1 ဒေါ်လာဖြင့် ဝယ်ယူနိုင်သည်။ ယခုတွင် 1309 BTC သည် ဒေါ်လာ သန်းချီ၍ တန်ဖိုးရှိနေပြီ ဖြစ်သည်။

ပုံသွင်းခြင်းအကြောင်း ပိုမိုသိရှိလိုပါက “ဝင်ငွေအခွင့်အလမ်းများ” ကဏ္ဍ (လင့်ခ်) တွင် ဝင်ရောက်ကြည့်ရှုပါ။

ကျွန်ုပ်သည် မည်သို့ စတင် ရင်းနှီးမြှုပ်နှံရမည်နည်း။

SPA တွင် ဈေးကွက်မှ ထိန်းချုပ်သော ကိုယ်ပိုင် ငွေလဲနှုန်းတစ်ခုရှိသည်။ SPARTA သည် ခေတ်သစ် လျှို့ဝှက် ငွေကြေးတစ်ခုဖြစ်ပြီး အခြား လျှို့ဝှက်ငွေကြေးများထက် ပိုမိုမြန်ဆန်ပြီး အသုံးပြုရ လွယ်ကူ အဆင်ပြေသည်။ ထို့ကြောင့် ယင်းသည် အခြားငွေကြေးများထက် ပိုမို ခိုင်မာပြီး ပို၍ တန်ဖိုးကြီးလာမည်ဟု ယူဆနိုင်သည်။ SPARTA လျှို့ဝှက်ငွေကြေးသည် လွယ်ကူအဆင်ပြေရုံသာမက သုံးစွဲရန်လည်း အကျိုးအမြတ် ရှိစေနိုင်ပါသည်။

ရင်းနှီးမြှုပ်နှံခြင်းဖြင့် သင်သည် အဆင့် သုံးဆင့်ဖြင့် ဝင်ငွေ ရရှိနိုင်သည် -

  1. လက်ရှိ ငွေလဲလနှုန်းဖြင့် SPA ဒင်္ဂါးများကို ဝယ်ယူပါ။
  2. ငွေလဲနှုန်းမတက်ခင်အထိ ခေတ္တစောင့်ပါ။
  3. SPA ဒင်္ဂါးများ(သို့မဟုတ် ဒင်္ဂါးများ၏ တစ်စိတ်တစ်ပိုင်း) ကို ဝယ်ယူထားသော ဈေးနှုန်းထက်ပိုမြင့်သော နှုန်းထားဖြင့် ရောင်းချပါ။

လျှို့ဝှက်ငွေကြေးကို ရေတိုရင်းနှီးမြှုပ်နှံခြင်းထက် ရေရှည်ရင်းနှီးမြှုပ်နှံခြင်းက ပို၍ အကျိုးအမြတ်ရှိသည်ကို တွေ့ရှိရပါသည်။

ငွေကြေးလဲလှယ်နှုန်းအရ ရောင်းဝယ်ခြင်းဖြင့် ကျွန်ုပ်သည် မည်သို့ ဝင်ငွေရရှိနိုင်မည်နည်း။

  • ငွေလဲနှုန်း ကျနေသည့်အခါ လျှို့ဝှက်ငွေကြေးကို ဝယ်ထားပါ။
  • ငွေလဲနှုန်းတက်သည့်အခါ အခြားသူများကို အမြတ်တင်၍ ပြန်ရောင်းပါ။

အမှန်မှာ ယင်းသည် စတော့ရှယ်ယာ ရောင်းဝယ်ခြင်းနှင့် အလားတူသော်လည်း စတော့ရှယ်ယာအစား SPA ဒင်္ဂါးများကို ရောင်းဝယ်ခြင်းဖြစ်ကာ လူတိုင်း ပြုလုပ်နိုင်ပါသည်။ အင်တာနက်ပေါ်တွင် ငွေကြေးရောင်းဝယ်မှုနှင့်ဆိုင်သော လမ်းညွှန်များစွာနှင့် အသုံးဝင်သော ဗီဒီယိုများစွာ ရှိပါသည်။ လူတိုင်းသည် ကုန်သည်တစ်ဦးဖြစ်နိုင်ပြီး ဝင်ငွေကောင်းကောင်း ရရှိနိုင်ပါသည်။

ငွေလဲနှုန်း နမူနာများ-

SIGEN.pro btc-alpha.com

SPARTA သည် မည်မျှ တန်ဖိုးရှိမည်နည်း။

လက်ရှိ SPA ငွေလဲနှုန်းကို ကျွန်ုပ်တို့ ဝက်ဘ်ဆိုက်၏ ပင်မ စာမျက်နှာ သို့မဟုတ် အထူးပြုလုပ်ထားသော လျှို့ဝှက်ငွေကြေး ဝက်ဘ်ဆိုက်များ၊ လျှို့ဝှက်ငွေကြေး ငွေလဲရာနေရာများတွင် တွေ့မြင်နိုင်မည်ဖြစ်ပါသည်။

ကျွန်ုပ်သည် SPA ကို မည်သို့ ဝယ်/ရောင်း/လဲလှယ် ရမည်နည်း။

သင်သည် အခြားလျှို့ဝှက်ငွေကြေးများကဲ့သို့ပင် SPA ကို ရောင်းဝယ်နိုင်ပါသည်- SPARTA လျှို့ဝှက်ငွေကြေးနှင့် လဲလှယ် နိုင်မည့် ငွေကြေးအတွဲရှိရာ ငွေလဲရာနေရာများ သို့မဟုတ် လိုချင်သော ငွေလဲမှုပြုလုပ်နိုင်သည့် အီလက်ထရွန်နစ် ငွေလဲ platform များ။ သင်သည် SPA ကို အခြား နိုင်ငံသုံး ငွေကြေး သို့မဟုတ် လျှို့ဝှက်ငွေကြေးများနှင့် လဲလှယ်နိုင်ပါသည်။

ငွေလဲလှယ်ရာ နေရာများ နှင့် ငွေလဲplatform များစာရင်း -

SIGEN.pro
btc-alpha.com

ကျွန်ုပ်သည် ငွေလွှဲဖို့ ပြုလုပ်ရန်နှင့် မည်သို့ငွေလွှဲရမည်နည်း။

ယင်းသည် ရိုးရှင်း လွယ်ကူပါသည် - သင့် ပိုက်ဆံအိတ်ရှိ အထူးပုံစံတွင် လက်ခံသူ အမည်၊ ငွေလွှဲပမာဏ၊ ဝန်ဆောင်ခကို ဖြည့်သွင်းပြီး “ပို့ရန်” ခလုတ်ကို နှိပ်ပါ။

ငွေလွှဲဝန်ဆောင်ခ မည်မျှကျသင့်၍ မည်သည့်အတွက် ကောက်ခံခြင်း ဖြစ်သနည်း။

SPARTAကိုအသုံးပြုခြင်းဖြင့် လုပ်ဆောင်ချက်များအတွက် အနည်းဆုံးဝန်ဆောင်ခကိုသာပေးချေရပါမည်။ ကနဦးဝန်ဆောင်ခမှာ လုပ်ဆောင်ချက်တစ်ခုစာအတွက် 1 SPA တိုကင်ဖြစ်သည်။ အခြားလျှို့ဝှက်ငွေကြေးများနှင့် မတူဘဲ SPARTA ဝန်ဆောင်ခမှာ အနိမ့်ဆုံးအဆင့်တွင်ရှိစေရန် အမြဲပြောင်းလဲနေပါသည်။ ဝန်ဆောင်ခမှာ ကွန်ရက်အားDDoS တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက်သာ ကောက်ခံခြင်းဖြစ်သည်။

ငွေလွှဲပေးပို့ခြင်း လုပ်ငန်းစဉ်သည် မည်မျှကြာမြင့်သနည်း။

အတိုချုပ်ပြောရလျှင် ငွေလွှဲခြင်းသည် ချက်ချင်းဖြစ်သည်။ သို့သော် သင်၏ လုပ်ဆောင်ချက်ကို အတည်ပြုရန် 1 မိနစ်မျှသာ ကြာသည်။ လုပ်ဆောင်ချက်များသည် အတည်ပြုချက် 10 ခု သို့မဟုတ် 10 မိနစ်ခန့် ကြာပြီးနောက်တွင် လုံခြုံသွားမည် ဖြစ်သည်။ ထို့ကြောင့် ငွေပမာဏ ကြီးမားစွာ လွှဲပြောင်းခြင်းဖြစ်လျှင် 10 မိနစ်ခန့် စောင့်ဆိုင်းရနိုင်ပါသည်။

လွှဲပြောင်းမည့် ပမာဏ သို့မဟုတ် သုံးစွဲသူ တည်နေရာနှင့် သက်ဆိုင်သော ကန့်သတ်ချက်တစ်ခုခု ရှိပါသလား။

မရှိပါ။ သင်သည် ကမ္ဘာကြီး၏ မည်သည့်နေရာသို့မဆို သင်နှစ်သက်ရာ SPA ဒင်္ဂါး ပမာဏကို ပေးပို့နိုင်ပါသည်။

လုပ်ဆောင်ချက်များသည် အမည်မဖော်ပြဘဲ ပြုလုပ်ခြင်းဖြစ်ပါသလား။

သင်သည် ဘလော့ခ်ချိတ်ဆက်မှု ကွန်ရက်တွင် ငွေလွှဲပေးပို့ပါက သင့် လျှို့ဝှက်ငွေကြေး လိပ်စာနှင့် လက်ခံသူ၏ လိပ်စာကို မြင်နိုင်သော်လည်း သင်က မပြောပြပါက မည်သည့် လိပ်စာဟု သိနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် လုပ်ဆောင်ချက်များသည် အမည်ဝှက်နှင့် ဖြစ်ရန်သာ ပိုများပါသည်။

ကျွန်ုပ်သည် SPARTA ကွန်ရက်ပေါ်တွင် လုပ်ဆောင်ချက် ပြီးမြောက်ခြင်းနှင့် အခြား အချက်အလက်များကို မည်သည့်နေရာတွင် တွေ့မြင်နိုင်မည်နည်း။

ကျွန်ုပ်တို့၏ အများပိုင် ဘလော့ခ်ချိတ်ဆက်မှု - blockchain.sparta.top

ကျွန်ုပ်သည် ပိုက်ဆံအိတ်တစ်အိတ် မည်သို့ ဖန်တီး၍ မည်သို့ ဝင်ရောက်ရမည်နည်း။

သင်သည် ဝက်ဘ်ဆိုက်ပေါ်တွင် “ပိုက်ဆံအိတ်” ခလုတ်ကို နှိပ်လျှင် သင်သည် SPARTA ပိုက်ဆံအိတ် ပေ့ခ်ျသို့ ရောက်ပါမည်။ လကာင်္ကုတ် ခက်ခဲမှု (အလျား)(ဥပမာ- 128-bit ကုတ်) ကိုရွေးချယ်ပြီး “ ထုတ်ပေးရန်” ခလုတ်ကို နှိပ်ပါ။ bit များများ ရွေးချယ်လေ သင်၏ စကားစု ပိုရှည်လေဖြစ်မည်ဖြစ်သည်။

ထုတ်ပေးသော စကားစုအား လုံခြုံစိတ်ချရသော နေရာတစ်ခုတွင် ကူးပြီး သိမ်းဆည်းထားပါ။ စကားစုကို အလွတ်မှတ်၍ ချရေးကြည့်ပါ။ ဤ စကားစုသည် သင်၏ အကောင်ဝင်ရန်အမည်နှင့် စကားဝှက်ဖြစ်သည်။ “သွင်းရန်” ခလုတ်ကို နှိပ်၍ သင့် ပိုက်ဆံအိတ်အတွင်းသို့ ဝင်ရောက်ပါ။ ယင်းစကားစုကိုသုံး၍ နောက်ပိုင်းတွင် သင့် ပိုက်ဆံအိတ်တွင်းသို့ ဝင်ရောက်ပါ။

SPARTA လျှို့ဝှက်ငွေကြေး လိပ်စာကို မည်သည့်နေရာတွင် ရှာဖွေနိုင်၍ ကျွန်ုပ်၏ ငွေစာရင်းကို မည်သည့်နေရာတွင် ကြည့်ရှုနိုင်မည်နည်း။

သင်၏ ပိုက်ဆံအိတ်ထဲသို့ ဝင်ရောက်၍ “လိပ်စာ” အကွက်တွင် သင့်လိပ်စာကို ရှာဖွေပါ။ ယင်းသည် ဤပုံစံမျိုး ဖြစ်နေမည်- SPA1HSeCm4byGT6DF2NW။ လိပ်စာ၏ အောက်တွင် ယင်းလိပ်စာရှိ SPA အရေအတွက်ကို ပြနေသော “လက်ကျန်စာရင်း” ရှိသည်။

ကျွန်ုပ်သည် ကျွန်ုပ်၏ ပိုက်ဆံအိတ်ထဲတွင် အများဆုံး ငွေကြေးမည်မျှ သိမ်းထားနိုင်ပြီး မည်မျှကြာအောင် ထားနိုင်မည်နည်း။

သင်သည် အကန့်အသတ် မရှိသော အချိန်ကာလအတွင်း အကန့်အသတ် မရှိသော ပမာဏကို သိမ်းထားနိုင်ပါသည်။

ကျွန်ုပ် ပိုက်ဆံအိတ်သို့ ဝင်ရောက်ရန် မဖြစ်နိုင်လျှင် မည်သို့ ပြုလုပ်ရမည်နည်း။

သင်၏ လကာင်္စကားစုသည် အဓိက သော့ချက်ဖြစ်သည်။ မည်သူမှ အသုံးပြု၍ မရနိုင်ပါ။ ထို့ကြောင့် သင်သည် ယင်းကို ပျောက်ဆုံးသွားလျှင် သင့် ပိုက်ဆံအိတ်ကို အသုံးပြုနိုင်မည် မဟုတ်ပါ။ မည်သူမှ ပြန်ယူပေး၍ ရနိုင်မည် မဟုတ်ပါ။

ယင်းသည် လျှို့ဝှက်ငွေကြေး ပိုက်ဆံအိတ်ကို ကာကွယ်ရန် ပြုလုပ်ထားခြင်းဖြစ်သောကြောင့် ယင်း စကားစုကို အလွတ်မှတ်ထားရန် အရေးကြီးပြီး မီဒီယာအမျိုးမျိုးနှင့် စာရွက်ပေါ်တွင် သိမ်းဆည်းခြင်းအပါအဝင် လုံခြုံ စိတ်ချရသော နေရာများတွင်သိမ်းထားရန် လိုသည်။ သင်၏ လကာင်္စကားစုကို လုံခြုံဘေးကင်းသော နေရာတွင် သိမ်းဆည်းထားပါ။

SPARTA ဖြန့်ဖြူးခြင်းနှင့် ပတ်သက်၍ တည်ထောင်သူများ၏ အစီအစဉ်များမှာ မည်သည်တို့နည်း။

ကျွန်ုပ်တို့သည် SPARTA ငွေကြေးကို တစ်ကမ္ဘာလုံးမှ အသုံးပြုစေလိုပြီး ငွေရင်းအားဖြင့် ထိပ်တန်း လျှို့ဝှက်ငွေကြေး 100 တွင် ပါဝင်ရန် မျှော်မှန်းထားပါသည်။ ကျွန်ုပ်တို့သည် လျှို့ဝှက်ငွေကြေး အသိုက်အဝန်းအတွင်း ဦးဆောင်နိုင်ရန် ကြိုးပမ်းလျက်ရှိ သည်။ SPARTA သည် နောက်ဆုံးတွင် ကမ္ဘာ့ထိပ်တန်း လျှို့ဝှက်ငွေကြေးအဖြစ် ဦးဆောင်လာနိုင်ကာ မျှတမှု၊ ရိုးသားမှုတို့ကို အခြေခံသော ဘဏ္ဍာရေး ဆက်နွှယ်မှုအသစ်များကို တည်ဆောက်နိုင်မည့် အရေးပါသော လှုပ်ရှားမှု တစ်ခုဖြစ်လာမည်ဟု ယုံကြည်ထားပါသည်။

SPARTA အတွက် လက်ရှိ အစီအစဉ်များမှာ-

  • လျှို့ဝှက်ငွေကြေးစောင့်ကြည့်စစ်ဆေးရေးဝက်ဘ်ဆိုက်များစာရင်း (coinmarketcap.com).
  • ပုံသွင်းခြင်းဂဏန်းတွက်စက်
  • ကွန်ပျူတာပိုက်ဆံအိတ်
  • MacOS,
  • Linux,
  • Windows,
  • Chrome OS.
  •  ဝက်ဘ်ဆိုက်၊ပိုက်ဆံအိတ်နှင့်ဘလော့ခ်ချိတ်ဆက်မှု စူးစမ်းရှာဖွေခြင်းတို့ကို ဘာသာပေါင်း 20 မျိုးသို့ဘာသာပြန်ဆိုခြင်း။
  •  လုပ်ငန်းလည်ပတ်စနစ်(OSes) များအားလုံးအတွက်compiled nodeတစ်ခုဖန်တီးခြင်း-
  • Windows,
  • Mac OS,
  • Linux.
  • အချိန်နှင့်တပြေးညီဖော်ပြသောကွန်ရက်ဂရပ်ပုံများနှင့် စာရင်းဇယားများ။
  • ဖုန်းပိုက်ဆံအိတ်
  • Android,
  • iOS,
  • Windows,
  • Blackberry.
  • ကျွန်ုပ်တို့၏ ကိုယ်ပိုင် ဟာ့ဒ်ဝဲလ် ပိုက်ဆံအိတ် ဖန်တီးခြင်းသို့မဟုတ် ရှိနှင့်ပြီးသား ဟာ့ဒ်ဝဲပိုက်ဆံအိတ်များအတွက် ပံ့ပိုးပေးခြင်း။
  • အသုံးပြုသူလွယ်ကူစေသော forging ဆော့ဝဲလ်ကို ရိုးရှင်းသော ဝပ်ဆိုဒ်ပုံစံဖြင့်ဖန်တီးပါ။
  • nLocktime လုပ်ဆောင်ချက်များ။ ၎င်းတို့ကို သတ်မှတ်ထားသော အချိန်ကာလတစ်ခု၏ နောက်ပိုင်းတွင်သာ ကွန်ရက်ကို အသုံးပြုနိုင်ခြင်းနှင့် အတည်ပြုခြင်းတို့ပြုလုပ်နိုင်ပါမည်။ ယင်းသည်ဗဟိုထိန်းချုပ်မှု မဟုတ်သော လဲလှယ်မှုများအတွက်အလွန်အဆင်ပြေပါသည်။
  • များစွာသောလက်မှတ်များသည် လုပ်ဆောင်ချက်တစ်ခု ပြုလုပ်ရန်အတွက် ပိုက်ဆံအိတ်မှ ဒေတာများကိုခိုးယူရန် ကြိုးစားသောလူလိမ်များလက်မှ ကာကွယ်နိုင်မည့် ထပ်တိုး အကာအကွယ်တစ်ခုဖြစ်သည်။ ကွန်ရက်သုံးစွဲသူ တစ်ဦးသည် အခြားယုံကြည်ရသော ကွန်ရက်သုံးစွဲသူ တစ်ဦးအား ခွဲခြားသိရှိနိုင်ပါသည်။ လုပ်ဆောင်ချက်တစ်ခုကို သုံးစွဲသူ၏ လိပ်စာမှ ဖန်တီးထားခြင်းဖြစ်ပြီးသူသို့မဟုတ် သူမ၏ သည် လုပ်ဆောင်ချက်ကိုအတည်ပြုရန် သို့မဟုတ် ငြင်းပယ်ရန်သူသို့မဟုတ် သူမ၏ ကိုယ်စားလှယ်သည် တောင်းခံချက်တစ်ခုကို ရရှိမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် လုပ်ဆောင်ချက်များမှာ ၎င်းတို့၏ ခွင့်ပြုချက် မပါဘဲအတည်ပြုမည် မဟုတ်ပါ။ သင့် ပိုက်ဆံအိတ်အား လက်မှတ်များစွာ လိုအပ်မှု ရှိမရှိကို သင်ဆုံးဖြတ်ရမည်ဖြစ်သည်။
  • ပိုက်ဆံအိတ် တစ်အိတ် BIP-31/BIP-44 အတွက် လိပ်စာပေါင်းများစွာကို အသုံးပြုခြင်း။
  • အမြဲပြောင်းလဲနေသော ဘလော့ခ်အရွယ်အစားသည် hard fork မလိုအပ်ဘဲ ကွန်ရက်အရွယ်အစားနှင့် အခြေအနေကို ပံ့ပိုးပေးခြင်း။
  • ဘလော့ခ်အဆက်ဆက် အကြိမ်ရေကို ပြောင်းလဲနိုင်စွမ်းရှိသောကြောင့် လိုအပ်ပါက hard fork မလိုအပ်ဘဲ ကွန်ရက် အတိုင်းအတာကို ပြောင်းလဲနိုင်ခြင်း။
  • ဘလော့ခ်တွင် လုပ်ဆောင်ချက်အရေအတွက်ကို အမြဲပြောင်းလဲနိုင်သောကြောင့် လိုအပ်ပါက hard fork မလိုအပ်ဘဲ ကွန်ရက် အတိုင်းအတာကို ပြောင်းလဲနိုင်ခြင်း။
  •  ဒေသခံ ငွေလဲကောင်တာများ/ လျှို့ဝှက်ငွေကြေး လဲလှယ်ရေးရုံးခန်းများ၊ လျှို့ဝှက်ငွေကြေးကို ဟောပြောပွဲများ၊ တင်ဆက်မှုများဖြင့် လူသိများအောင်ပြုလုပ်ရန်အတွက် အလုပ်အကိုင်များ ရရှိစေခြင်း။
  • လျှို့ဝှက်ငွေသုံး အေတီအမ်စက်များ ပြုလုပ်လည်ပတ်နိုင်ခြင်း။
  • အလိုအလျောက် ပြင်ဆင်နိုင်သည့်စနစ်ပါဝင်သည့် မီနီကွန်ပျူတာကို ပင်မချိတ်ဆက်မှုအဖြစ် ပြုလုပ်နိုင်ခြင်း။
  • ကမ္ဘာတစ်ဝန်းရှိ လျှို့ဝှက်ငွေသုံး အေတီအမ်စက်များမှ နိုင်ငံသုံးငွေများကို အပ်နှံခြင်းနှင့် ထုတ်ယူခြင်းများ ပြုလုပ်နိုင်မည့် ကျွန်ုပ်တို့၏ ကိုယ်ပိုင် လျှို့ဝှက်ငွေကြေး ပိုက်ဆံအိတ်များ။
  • ဗီဇာ/မာစတာကတ်များအတွက် ပံ့ပိုးပေးခြင်း။ ကတ်ထိန်းချုပ်မှုကို SPA ဖြင့် ပြသနိုင်သည်။ သို့သော် စာရင်းပိုင်ရှင်မှ ငွေသားထုတ်ယူလိုပါက လက်ရှိငွေလဲလှယ်နှုန်းဖြင့် နိုင်ငံသုံးငွေကြေးကို အလိုအလျောက်ပြောင်းလဲပေးနိုင်ခြင်း။ အဆိုပါကတ်များသည် နိုင်ငံသုံးငွေကြေးတည်ငြိမ်မှုမရှိသော ဝင်ငွေနိမ့်နိုင်ငံများမှ ဘဏ်စာရင်းမရှိသည့် နိုင်ငံသားများ အတွက် အထူးသဖြင့် ပို၍အထောက်အကူပြုမည်ဖြစ်သည်။
  • စက်ရုပ်ဟုတ်မဟုတ် ခွဲခြားခန့်မှန်းခြင်း သို့မဟုတ် အခြားလုပ်ဆောင်ချက်များလုပ်ဆောင်ခြင်းအတွက် အလားတူ လုပ်ဆောင်ချက်အတွက် Satoshi အနည်းငယ်ကို ထုတ်ပေးနိုင်သော Bitcoin ဒင်္ဂါးထုတ်စက်ကဲ့သို့ SPA ဆုချီးမြှင့်ရန် ကြော်ငြာခြင်း။
  •  ငွေလဲလှယ်ခြင်း ကဏ္ဍတွင်သာမက အခြားကဏ္ဍများတွင်ပါ လျှို့ဝှက်ငွေကြေးကို လူသိများလာစေရန်နှင့် မိတ်ဆက်ခြင်း။
  • “စက္ကူ” ပိုက်ဆံအိတ်များအတွက် ဆော့ဖ်ဝဲ။
  • လျှို့ဝှက်ငွေကြေးများကြား လုပ်ဆောင်ချက်များ အပြန်အလှန်လုပ်ဆောင်နိုင်ခြင်း။
  • လုံလုံခြုံခြုံ ချိတ်ဆက်လုပ်ဆောင်နိုင်ရန်နှင့် ပိုက်ဆံအိတ် ပုံစံတို့အား ပြင်ဆင်မွမ်းမံနိုင်မည့် ထပ်ဆောင်းကွန်ရက်များ
  • ထိပ်တန်း လျှို့ဝှက်ငွေကြေး 100 ကြား အဆင့်ရောက်ရှိခြင်း။
  • လျှို့ဝှက်ငွေကြေးနှင့်ဆိုင်သည့် ကြော်ငြာနှင့် နည်းပညာဆိုင်ရာ အသေးစိတ် ဗီဒီယိုများအပါအဝင် အခြားကြော်ငြာအချက်အလက် ပြင်ဆင်ခြင်း။
  • .onion ဝက်ဘ်ဆိုက်တစ်ခုနှင့် TOR ဘရောက်ဇာအတွက် node တစ်ခု ဖန်တီးခြင်း။
  • Smart contracts and smart assets. စမတ်စာချုပ်နှင့် စမတ်ပိုင်ဆိုင်မှုများ။
  • SPA သုံးစနစ်များအတွက် စုပေါင်းရန်ပုံငွေထည့်ဝင်ခြင်း။
  • ICO platform using SPA. SPA သုံး ICO platform။
  • သုံးစွဲသူအချင်းချင်း ချေးငှားရန် ဗဟိုထိန်းချုပ်မှုလွတ်ကင်းသည့် ဘလော့ခ်ချိတ်ဆက်မှု အခြေပြု platform ။